မင်္ဂလာပါ 🙏

ယနေ့မြန်မာပြည်တွင်း ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများကြောင့် အကူအညီလိုအပ်နေသော မြန်မာပြည်သူပြည်သားများအတွက် UTSMSS နှင့်တကွအခြားသောမြန်မာ တက္ကသိုလ် ကျောင်းသားအဖွဲ့အစည်းများ ပူးပေါင်း၍ Sydney Myanmar Student Association အနေဖြင့် အကူအညီပေးသွားဖို့ရန်ရှိပါတယ်။ 👐🏻👭👫👬

သို့ဖြစ်ပါ၍ UTS မှမြန်မာကျောင်းသားများသော်လည်းကောင်း၊ အခြားသော Sydney ရောက် မြန်မာလူမျိုးများသော်လည်းကောင်း သဒ္ဒါတရား နည်းများမဆို ကူညီပါဝင်သွားပေးနိုင်ရန်လည်းခေါ်ဖိတ်ခေါ်ပါတယ်။ 🙇🏻‍♀️🙇🏻‍♂️

Sydney Myanmar Student Association (SMSA) အနေဖြင့် ရရှိလာသော အလှူငွေအားလုံးကို ‘ဒေါ်ခင်ကြည် Foundation’ မှတဆင့် လှူဒါန်းသွားမှာဖြစ်ပြီး လှူဒါန်းလိုသူများအနေနှင့် 👉August ၂၆ရက်နေ့မှစ၍ September ၄ရက်နေ့အထိ👈 အောက်ဖော်ပြပါ PayPal link မှတဆင့် သဒ္ဒါတရားနည်းများမဆိုပါဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုပါတယ်။ 😍👇

ကျေးဇူးအထူးတင်ပါသည်။ 😍

ပြန်စာထားခဲ့ပါ။